Intra က သင့်ကို ပေးသည့်
ပိုမိုဘေးကင်းပြီး လွတ်လပ်သော
အင်တာနက် အသုံးပြုနိုင်မှု။

ဝဘ်ဆိုက်အသစ်များ၊ လူမှုမီဒီယာ ပလက်ဖောင်းများနှင့် မက်ဆေ့ဂျ်ပို့ရန်အက်ပ်များသို့ ဝင်ခွင့်ကို ပိတ်ရန်သုံးသော ဆိုင်ဘာတိုက်ခိုက်မှုဖြစ်သည့် DNS ကို မသမာသောနည်းဖြင့် ပြုပြင်ခြင်းမှ သင့်ကို Intra က ကာကွယ်ပေးပါသည်။

INTRA ရယူရန်

01

more open internet access

ပိုမိုလွတ်လပ်သော အင်တာနက် အသုံးပြုနိုင်မှု

အွန်လိုင်းဆင်ဆာဖြတ်ခြင်း၏ အတွေ့ရဆုံးပုံစံများအနက် တစ်ခုဖြစ်သည့် DNS မသမာသောနည်းဖြင့် ပြုပြင်မှုက ပိတ်ထားသော ဝဘ်ဆိုက်နှင့် အက်ပ်များကို Intra ဖြင့် ဝင်ကြည့်နိုင်သည်။

02

protection from digital attacks

ဒစ်ဂျစ်တယ်တိုက်ခိုက်မှုများမှ ကာကွယ်ခြင်း

Intra သည် သင့်အား အယောင်ဆောင်ဖြားယောင်းခြင်းနှင့် မဲလ်ဝဲမှ ကူညီကာကွယ်ပေးသည်။ အသုံးပြုသူအမည်နှင့် စကားဝှက်များကဲ့သို့ ကိုယ်ရေးအချက်အလက်များကို ခိုးယူရန် (သို့) သင့်အား အယောင်ဆောင်ဝဘ်ဆိုက်များသို့ တစ်ဆင့်ပြန်ညွှန်ခြင်းဖြင့် သင်၏စက်ပစ္စည်းတွင် ဆော့ဖ်ဝဲထည့်သွင်းရန် ဤတိုက်ခိုက်မှုများကို သုံးသည်။

03

unlimited protection with one click

တစ်ချက်နှိပ်ရုံဖြင့် အကန့်အသတ်မဲ့ ကာကွယ်ခြင်း

Intra ကို အသုံးပြုရသည်မှာ အလွန်ရိုးရှင်းပါသည် — ဖွင့်ထားလိုက်ရုံပင်ဖြစ်ပါသည်။ Intra သည် သင့်အင်တာနက်ချိတ်ဆက်မှုကို နှေးသွားစေမည်မဟုတ်သည့်ပြင် ဒေတာသုံးစွဲမှုအတွက် ကန့်သတ်ချက် မရှိပါ။

04

technology you can trust

သင်ယုံကြည်နိုင်သော နည်းပညာ

Intra သည် သင်၏အချက်အလက်များကို သီးသန့်ထားပေးသည်။ သင်အသုံးပြုသောအက်ပ်များ (သို့) ဝင်ကြည့်သောဝဘ်ဆိုက်များကို ကျွန်ုပ်တို့ ခြေရာမခံပါ

သင်၏ DNS ဆာဗာဝန်ဆောင်မှုပေးသူကို Intra ဖြင့် စိတ်ကြိုက်ပြင်နိုင်သည်။ သင့်ကိုယ်ပိုင်ဆာဗာကို သုံးနိုင်သည် (သို့) Cloudflare (သို့) Google ကဲ့သို့ လူကြိုက်များသော ဝန်ဆောင်မှုပေးသူများမှ ရွေးနိုင်သည်။

အလုပ်လုပ်ပုံ

Intra သည် အများသုံး ဒိုမိန်းအမည်ပေးစနစ် (DNS) ဆာဗာနှင့် သင်၏ အင်တာနက်ချိတ်ဆက်မှုကို အသွင်ဝှက်ပေးသည်။ DNS ဆာဗာများသည် အဆက်အသွယ်စာရင်းကဲ့သို့ အလုပ်လုပ်သည် — သင် အင်တာနက်သုံးသည့်အခါ သင်၏ DNS ဆာဗာသည် ဝဘ်ဆိုက်ဝင်ကြည့်ရာတွင် (သို့) အက်ပ်ဖွင့်ရာတွင် လိုအပ်သည့် တိကျသောလိပ်စာများကို ပေးသည်။

သို့သော် သုံးခွင့်ပိတ်ထားရန် (သို့) သင့်အား အယောင်ဆောင်ဝဘ်ဆိုက်များသို့ တစ်ဆင့်ပြန်ညွှန်ပြရန် DNS ဆာဗာများကို ပြောင်းနိုင်သည်။ သင်၏ Android စက်ပစ္စည်းတွင် DNS ဆာဗာများနှင့် သင့်ချိတ်ဆက်မှုကို အသွင်ဝှက်ခြင်းဖြင့် ရလဒ်များကို မသမာသောနည်းဖြင့် ပြုပြင်၍မရကြောင်း သေချာစေရန် Intra မှ ကူညီပေးသဖြင့် အင်တာနက်ကို ဘေးကင်းစွာ သုံးနိုင်သည်။

Intra သည် Android 4.0 နှင့်အထက်တွင် အလုပ်လုပ်သည်။ စက္ကန့်ပိုင်းအတွင်းပင် စတင်နိုင်သည်။